မင်္ဂလာပါ
MIA Group online Food Fundraising မှ လှူဒါန်းမှု အစုစုအတွက် နတ်လူ သာဓု ခေါ်နိုင်ရန် ...
ဧပြီလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ MIA Online food fundraising လေးက ရရှိတဲ့ အလှူငွေ $3000 ကို လှူဒါန်းခဲ့တဲ့ အကြောင်း ကုသိုလ်စိတ်ဖြင့် အားလုံး ကြည်နူးရအောင် သတင်းပါးချင်ပါတယ်။
အလှူငွေ break down ကို ယခင် ဒီ post မှာ တင်ခဲ့ပြီးပါပြီ။ https://www.facebook.com/share/v/1KonqXgujV/
ပြီးခဲ့တဲ့အပတ်အတွင်း အက်ဒမင်တို့တွေ ပြည်သူတွေဆီ အထိရောက်ဆုံးလှူဒါန်းနိုင်အောင် မြေပြင်မှာ ကူညီနေတဲ့ အဖွဲ့အစည်းတွေထဲက ဒီအဖွဲ့အစည်း ၃ ခုကို တစ်ဖွဲ့ $1000 စီ လှူဒါန်းခဲ့ပါတယ်။
(ပထမ ၂ ဖွဲ့ကို နှစ်ဆန်းတစ်ရက်နေ့မှာတင် လှူခဲ့တာဖြစ်ပြီး အားလုံး ပေါင်းကြေညာပေးချင်လို့သာ အခုမှ ကြေညာဖြစ်တာပါ။ အားပေးကြသူများရဲ့ စုပေါင်း နှစ်သစ် အလှူလေးလို့ ခံစားရပါတယ်။)
အဓိကအားဖြင့် လက်ရှိအချိန်မှာ ပြန်လည်ထူထောင်ရေးနဲ့ နေရေးထိုင်ရေးကို ဦးစားပေးလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ငလျင်ဒဏ်သင့် မိသားစုတွေရဲ့ ဘဝတွေ လုံခြုံမှုအတွက် အလိုအပ်ဆုံး အိမ်ရာစီမံပေးဖို့ လှူဒါန်းရတဲ့ ကုသိုလ်အစုစုကြောင့် ဒီ Fund raising လေးမှာ ပါဝင်ကူညီချက်ပြုတ်ရောင်းချသူများ၊ Order and delivery မှာ လုပ်အားပေးကြသူများနှင့် ဝယ်ယူအားပေးစားသုံးကြသော ကုသိုလ်ရှင်များအားလုံးလဲ တူသောအကျိုးပေးကာ ကောင်းသောလိုအင်ဆန္ဒများပြည့်ဝကြပါစေ။
၁ ) Clean Yangon ($1000)
https://www.facebook.com/cleanyangon
Clean Yangon ဆိုရင် လူသိများပြီး စစ်ဘေးရှောင်တွေကို အရင်ကတည်းက အစဉ်မပြတ်ကူညီနေပြီး ခုထက်ထိလဲ လူအရောက်အပေါက်နည်းတဲ့ စစ်ဘေးရှောင် ငလျင်ဒေသတွေအထိ ကူညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ စစ်ကိုင်း၊ မင်းကွန်းနဲ့ အင်းလေးဘက်တွေက ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီနေတာလဲ တွေ့နိုင်ပါတယ်။ Clean Yangon ရဲ့ activities တွေကို အသေးစိတ်သိရှိလိုလျှင် page link လေးကနေ တဆင့်သွားကြည့်နိုင်ပါတယ်။
၂) Jobs for Kayah ($1000)
https://www.facebook.com/share/p/1ASUCXLGsv/
Jobs for Kayah က Admin တို့ အရင်တုန်းကတည်းက စောင့်ကြည့်သတိထားမိတဲ့ အဖွဲ့လေးပါ။ ကရင်နီ (ကယား) ဘက်က စစ်ဘေးရှောင်နဲ့ ရှမ်းဘက်က စစ်ရှောင်တွေကို ကူနေတဲ့အဖွဲ့ဖြစ်တဲ့အပြင်အခု ငလျင်လှုပ်တော့လည်း သူတို့က နယ်ခံတွေဆိုတော့ မြေပြင်မှာ အနီးကပ်ဆုံးနဲ့ ထိထိရောက်ရောက် ပြန်ကူကြတာတွေ့ရပါတယ်။ ယခင် ကလောမှာ ရေကြီးတုန်းကလဲ ကူညီခဲ့တဲ့ အဖွဲ့အစည်းမို့ စိတ်ချ ယုံကြည်ရတယ်လို့ ယူဆပါတယ်။
ပြီးတော့ အားလုံး ကြည်နူးရအောင် ပြောပြချင်တာက ဒီအဖွဲ့အစည်းက အင်းလေးမှာ ပျက်စီးသွားတဲ့ အိမ်များအတွက် တဲအိမ်တစ်လုံးကို ၁၂ သိန်းမှ ၁၅သိန်းကြား နှုန်းထားနဲ့ သတ်မှတ်ပြီး တည်ဆောက်ပေးတာပါ။ AUD 1000 ကို ငွေလွှဲနှုန်း $2736 နဲ့ သိန်း ၃၀ ပြည့်ဖို့ လိုတာကို Admin @Htet Htet Win က သဒ္ဒါတရားထက်သန်စွာ စိုက်ထုတ်ပြီး သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။
၃) SLC Advocates - Advocates for Sustainable lifestyle & culture အဖွဲ့က ဦးဆောင်တဲ့ Home for Hope project (AUD 1000) (Rate: 2700 ကျပ်)
https://www.facebook.com/share/p/16FHzrFwAu/
ဒီအဖွဲ့အစည်းကတော့ တံတားဦးနဲ့ ပုလိပ်မြို့များက ပျက်စီးသွားပြီး အလှူရှင်အရောက်အပေါက်နည်းတဲ့ ဒေသတွေမှာ ပထမဆုံး အိမ်များပြန်လည်ဆောက်လုပ်ထူထောင်ပေးနေပြီး၊ စစ်ကိုင်းနဲ့ မန္တလေးဘက်တွေကိုလဲ ဆက်လက်ကူညီနိုင်ဖို့ စာရင်းတွေကောက်ခံနေပါတယ်။ ဒီအဖွဲ့အစည်းထဲက ပါဝင်လုပ်ကိုင်နေသူတစ်ချို့နဲ့ Admin @Htet Htet Win နဲ့လဲ personally သိတဲ့သူများရှိသလို သူတို့ page မှာ သေချာရှင်းလင်းရေးပြထားတာတွေအရလဲ စိတ်ချယုံကြည်ရမယ်လို့ ယူဆမိပါတယ်။ အသေးစိတ် ဘယ်လိုဘယ်ပုံ ဆောက်လုပ်လှူဒါန်းနေတယ်။ ကိုယ့်အလှူငွေက ငလျင်ဘေးသင့် မိသားစုတွေအတွက် ဘယ်လို အသိုက်အမြုံ အိမ်လေးတွေ ရလဲဆိုတာ သူတို့ page တွေကို ဆက်လက်စောင့်ကြည့် ပီတိဖျာနိုင်ပါတယ်။
အားလုံး ကောင်းမှုကုသိုလ်များအတွက် အမျှ အမျှ အမျှ ပေးဝေပါတယ်။
နောက်လဲ MIA group က ပြုလုပ်သော Events လေးတွေမှာ Members များမှ အခုလိုပဲ တက်ကြွစွာ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
BEST REGARDS
MIA group Admins